Saturday, September 28, 2013

သြဂုတ်လ (၁၇) ရက်နေ့က ရန်ကုန်၊ Sedona Hotel မှာ ကျင်းပခဲ့တဲ့ ရတနာခင် ရဲ့ ဒုတိယမြောက် သားငယ် ထွဋ်မြတ်ဦး ရက် (၁၀၀) ပြည့် မွေးနေ့ပွဲ



Model & Actress Zin Zin Zaw Myint Couple

Well-Known Actor Lu Min's Family

Mommy & Son : Soe Myat Nandar & Her Son


Singer Hel' Lay's Family





The 100 days old birthday Celebration of Yandar Khin's second son 
At Sedona Hotel, Yangon
On August 17, 2013

Photos By Wai Yan. 
Photos of MyanmarCelebrity.Com

Chit Snow Oo's Beautiful Outdoor Fashion Photos


Myanmar Pretty Model & Actress: Chit Snow Oo








Model & Actress : Chit Snow Oo
Make Up : Wyne
Photo by Linn Htun (Leopard)

Photos of Focus

မော်ဒယ် နှင့် သရုပ်ဆောင် ချစ်စနိုးဦး ပါ။

Sunday, September 8, 2013

မပြန်ချင်တဲ့လမ်း



လှပအိပ်မက်ရှည်တွေနဲ့
ကျဆုံးနေခဲ့ရတဲ့ညများ
အပြင်းစားနောင်တတွေကို
မျိုချခိုင်းနေတယ်... ။
ရီဝေစွာမူးယစ်လိုက်ပါကွဲ့
ဒီလိုဖြစ်စေချင်ခဲ့တာ မဟုတ်လား
ခက်တော့ခက်သားနော်...
ခြေချော်လက်ချော် ဆိုတဲ့ ဝေါဟာရ
ကံကောင်းခြင်းဘက်ကလည်း လာဦးမှပေါ့... ။
အဲဒါ... ကျုပ်မရလိုက်တဲ့အရာ
မအံ့သြလိုက်ပါနဲ့ ... ။
အကြိမ်များစွာလှုပ်နှိုးခဲ့ရ
(ကိုယ့်ဘာသာကိုယ်...)
နိုးထလိုက်တဲ့အခါမှာ
အသားမကျစွာပါဘဲ...
စူးရဲတဲ့နေခြည်အောက်
နောက်ကျနေခဲ့ပြီထင်ရဲ့ ... ။
ကိုယ်လက်သန့်စင်လိုက်ကြ
မှန်ရှေ့ကမခွာနိုင်ကြ
ဒီလိုနဲ့
နေ၀င်သွားရ...
ကြုံရဦးမယ့်ညတွေမှာ
လှပတဲ့အိပ်မက်ရှည်တွေ...
ဝေးဝေးနေကြစမ်းပါ...
ဒီမှာ...
နောင်တ ဟာ
ဒဏ်ရာ ရဲ့ အမာရွတ် တဲ့
လမ်းခုလပ်က လှည့်မပြန်ချင်ပါဘူး။ ။


မနော်ဟရီ

ကြောင်ကလေးရဲ့မေမေ


ကြောင်ကလေးရဲ့မေမေ

06

ကျွန်တော်ဟာ ကြောင်ကလေးတစ်ကောင်ပေါ့
ကျွန်တော့်ကို မေမေက မွေးခဲ့တယ်
တိမ်ပြာသောနေ့တစ်နေ့မှာ မွေးခဲ့တယ်.....
ကျွန်တော့်အမွေးအမှင်တွေက တိမ်စိုင်တွေလိုနူးညံ့
ကျွန်တော့်ခိုဝင်ရာ ရင်ငွေ့ဟာနွေးထွေး
မေမေကသိပ်ပြီးချစ်စရာကောင်း
ကျွန်တော် ဘီစကစ်တွေညာညာပြီးတောင်းတိုင်းပေးတယ်.....
တဖြည်းဖြည်းနဲ့ ကျွန်တော့်လက်သည်းတွေချွန်မြလာ
ကျွန်တော်ဟာသန်စွမ်း
ကျွန်တော့်ခန္ဓာအရောင်ပြောင်းလာ
ကျွန်တော် ကမ္ဘာတစ်ခုရှာမယ်....သွားမယ်
ဒီလိုနဲ့ ထိုထိုသောအရပ်မှာ
ကျွန်တော်ဖြတ်သန်းရာ အချိန်ကာလတွေက ဆန်လွန်း
ကျွန်တော့်ကူးခတ်ရာ ပင်လယ်ပြင်ကကျယ်ပြော
ကျွန်တော်မက်မောရာ ငါးကလေးသေဆုံး
ကျွန်တော့်တစ်ကိယ်လုံးမြားဒဏ်ရာတွေနဲမြင်မကောင်းတဲ့အချိန်
မေမေနဲ့ပြန်တွေ့တယ်
မေမေကျွန်တော့်ကိုချစ်သေးသလားမေးတော့
မေမေကပါးကို အသာဆွဲလိမ်
ကျွန်တော့်အရိုးထဲက “ချွင်” ခနဲ
အဲဒီအသံဟာ ဘယ်လောက်ကျယ်ပြန့်ပြီး
ဘယ်လောက်သာယာပါသလဲ.....
တစ်လောကလုံးအိပ်မောကျနေချိန်မှာ
အဲဒီနေ့က
ကြောင်ကလေးတစ်ကောင်နိုးလာပါတယ်
ပြီးတော့ သူက သီချင်းတစ်ပုဒ်ကို တိုးတိုးဆိုညည်းတယ်
မေမေက ကျွန်တော့်မီးဖိုလေးပေါ့.....။


အေးမင်းစော

အိပ်မက်


အိပ်မက်


သိပ်ချောက်ချောက်ချားချားကြီးတော့ မဟုတ်ပါဘူး
လေရူးတွေတိုက်နေတဲ့နွေဦးလို
မငိုဘဲမျက်ရည်ကျနေရုံပါပဲ...
ရွက်ဝါတွေကြွေနေသလိုပေါ့... ။
ရှပ်တိုက်ပြေးလွှားနေရတဲ့မြေပြင်
မင်းရင်ခွင်ဖြစ်သင့်စေချင်ခဲ့
အိပ်မက်ရဲ့အပြင်ဘက်
ခြေတစ်ဖက်မှမချနိုင်သေးသရွေ့တော့
ဦးမော့နေသေးတဲ့မာနတချို့ဟာ
ဝေးကွာခြင်းရာသီထဲ
စိမ်းဝေဆဲဖြစ်နေဦးမှာ... ။
အီကွေတာရပ်ဝန်းက
အမြဲစိမ်းသစ်တောတွေရဲ့အတွင်းဘက်
တစ်ချက်လောက်စောင်းငဲ့ကြည့်စမ်းပါ
ရွက်ဝါတချို့
စိမ့်ဝင်သွားခဲ့တဲ့မြေပြင်
ရင်ခွင်တစ်ခုဖြစ်ခဲ့ရင်။


မနော်ဟရီ

Friday, September 6, 2013

saisai's pic












အင်တာနက် မဲပေးစနစ်တွင် ဆုသုံးဆုအတွက် ခင်ဝင့်ဝါ အမှတ်အများဆုံးဖြင့် ဦးဆောင်

ရန်ကုန်၊ စက်တင်ဘာ ၅

ဘီလာရုစ်နိုင်ငံ မင့်စ်မြို့တွင် ကျင်းပနေသော ကမ္ဘာ့တတိယအဆင့်ရှိ Miss Supranatinal ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်နေသော မခင်ဝင့်ဝါသည် အင်တာနက်မှ Miss Internet ဆုအပြင် အခြားဆုများ ဖြစ်ကြသော People Choice Award၊ Face of Miss Supranational ဆုများအတွက် အမှတ်အများဆုံးဖြင့် ဦးဆောင်နေကြောင်း Miss Supranational organization မှ National Director ဦးဝေယံအောင်က ပြောကြားသည်။

“ပြိုင်ပွဲကနေပေးမယ့် Miss Internet ဆုကို မြန်မာနိုင်ငံက လူတွေက ပေးခွင့်မရဘူး။ ဘာလို့လဲဆိုတော့ အဲဒီဆုအတွက် မဲပေးချင်ရင် ၁၀မဲကို ငါးဒေါ်လာပေးဝယ်မှ ပေးလို့ရမှာပါ။ အဲဒါကြောင့် ပြည်ပမှာရှိတဲ့ မြန်မာတွေကပဲ မဲပေးနိုင်ပါတယ်။ အဲဒီမှာလည်း အမှတ်အများဆုံး နေရာမှာ ရပ်တည်နေပြီးတော့ Missosology ဝက်ဘ်ဆိုက်ကနေပေးမယ့် People Choice Award၊ Face of Miss Supranational ဆုတွေအတွက် မြန်မာနိုင်ငံက ပေးလို့ရတဲ့မဲမှာလည်း အရေအတွက် အများဆုံး၊ အမှတ်အများဆုံးပါပဲ” ဟု ၎င်းကထပ်လောင်း ပြောကြားသည်။

လက်ရှိတွင် မခင်ဝင့်ဝါမှာ ဘီလာရုစ်နိုင်ငံကပေးမည့် ဆုအတွက် မဲအရေအတွက် ၁၁ သိန်းကျော် ရနေပြီး မြန်မာနိုင်ငံကို ကိုယ်စားပြု၍ ဆုများသယ်ယူနိုင်တော့မည် ဖြစ်ကြောင်း ဦးဝေယံအောင်က ပြောကြားသည်။

Miss Internet ဆုအတွက်မူ မြန်မာမယ် မခင်ဝင့်ဝါက စက်တင်ဘာလ ၅ ရက်နေ့ည ၈ နာရီ အချိန်တွင် မဲပေါင်း ၃၀၄၀ ကျော် ရရှိနေပြီး ထိုင်းမယ်မှာ မဲပေါင်း ၇၃၀ နှင့် ဒုတိယနေရာမှ လိုက်နေရာ မခင်ဝင့်ဝါက မဲအပြတ်အသတ်ဖြင့် ဦးဆောင်နိုင်ပြီ ဖြစ်သည်။

အဆိုပါ Miss Internet ဆုမှာ စက်တင်ဘာလ ၆ ရက်နေ့ ဒေသစံတော်ချိန် ည ၁၂နာရီတွင် မဲပေးခွင့် နောက်ဆုံးပိတ်မည် ဖြစ်သည်။

Miss Internet 2012 ဆုရှင် နန်းခင်ဇေယျာက သူ၏ Facebook စာမျက်နှာပေါ်တွင် မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်နေသော ခင်ဝင့်ဝါအတွက် မဲများပေးကြရန် တိုက်တွန်းထားသည်။

ရုပ်ရှင်ကားကြီးရိုက်မယ့် အောင်ရဲလင်း

ဒါရိုက်တာကိုဇော်(အရုဏ်ဦး)ရိုက်ကူးနေတဲ့ “ဖြေးဖြေးပေါ့ဆန္ဒမစောနဲ့ ” ဇာတ်ကားမှာ အောင်ရဲလင်းက သက်မွန်မြင့်နဲ့အတူ ပျော်ပျော်နေ တတ်တဲ့ ကောင်လေး တစ်ေ ယာက် အဖြစ် ပါဝင်သရုပ်ဆောင်ထားပါ တယ်။အခုနောက်ပိုင်း မှာ အောင်ရဲ လင်းက ဇာတ်ကားရိုက်ကူးတဲ့အခါမှာ ပရိသတ် အကြိုက်တွေ့မယ့် ဇာတ်ကားမျိုးကို အဓိက ရွေးချယ်ရိုက်ကူးဖြစ်ပြီး ပရိသတ်နဲ့ သဟဇ တဖြစ်ဖို့ကအရေးကြီးတယ်လို့ဆိုပါတယ်။

” ဇာတ်တွေကလည်း အခုဆို တအားကြီး ဒရမ်မာဆိုလည်း ပရိသတ်က မကြိုက်ဘူး။ ဟာသဆိုလည်း မကြိုက်ကြဘူး။ အဲဒီတော့ ဟာသနဲ့ ဒရာမာပေါင်းထားတဲ့ ဇာတ် မျိုးတွေကိုရွေးပြီး ဒါရိုက်တာ ကျော်ဇောလင်းနဲ့ ရိုက်ကူးဖြစ်တယ်။ ပရိသတ်အတွက်လည်း အဆန်းလေးဖြစ်အောင် ရိုက်ကူးဖြစ်တယ်။ အဓိကကတော့ ပရိသတ် က လော လောဆယ်ဘာကြိုက်လဲ၊ ဘယ်လိုပုံစံမျိုးတွေကို လက်ခံလဲဆိုတာကိုတော့ အမြဲတမ်းနားထောင်ရ တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်ရိုက်ကူးတဲ့ ကာရိုက် တာနဲ့ ပရိသတ်လက်ခံတဲ့ကာရိုက်တာနဲ့က တွဲ နေရင်လည်း ဘယ်လောက်ပဲကောင်းကောင်း ကြိုက်ချင်မှကြိုက်မှာလေ။ အဲဒီတော့ အဓိကက ပရိသတ်နဲ့ ကိုယ်နဲ့ သဟ ဇာတဖြစ်ဖို့ပဲလိုတယ်” လို့ ဆိုပါတယ်။

ဇာတ်ကားတွေကို အကောင်းဆုံးဖြစ်အောင် ရိုက်ကူးနေပြီးအနုပညာအလုပ်နဲ့ပတ်သက်ပြီး ဘယ်နေရာ ပဲရောက်ရောက်ကျေနပ်မိပါတယ်လို့ဆိုလာတဲ့ အောင်ရဲလင်းက …
” အရင်ကတော့ ကိုယ့်ရဲ့ ဇာတ်ကားထွက်လာရင် ရင်ခုန်ရတယ်။ အခုတော့ အဲဒီလိုစိတ် မျိုးသိပ်ပြီး မရှိတော့ပါဘူး။ တစ်ခုပဲ ကိုယ့်ဘက်ကရိုက်နေ တဲ့အချိန်မှာ အကောင်းဆုံး ဖြစ်အောင် လုပ်တယ်။ ဇာတ် ကားပေါက်တယ်။ မပေါက်ဘူး ဆိုတာက ကံပဲ။

ကိုယ်ထွက်တဲ့ ဇာတ်ကားလေးနဲ့ လောလော ဆယ်ပရိသတ် ကြိုက်နေတာနဲ့ တိုက်ဆိုင်နေသမျှကတော့ ပေါက်တာပေါ့လေ။ တစ်ခါ တလေကျတော့လည်း ပရိ သတ်က မကြိုက်ဘူးဆိုရင်လည်း မပေါက်ဘူးပေါ့။ အဓိကက တော့ကံပါပဲ။ ကျွန်တော်က တော့ဘယ်အရာမဆို အကောင်း ဆုံးဖြစ်အောင် ကြိုးစားပါ တယ်။ ဘယ်နေရာပဲရောက် ရောက် ကျွန်တော်က ကျေနပ်ပါတယ်။ အဓိကကတော့ ကိုယ့် ဇာတ်ကားလေးထွက် လာ ရင် ကောင်းစေချင်တယ်” လို့ ပြောပါတယ်။ အောင်ရဲလင်းက ဒီနှစ်ထဲမှာပဲ ဒါရိုက်တာ ကိုပေါက်နဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့ အစီ အစဉ်ရှိ ကြောင်းသိရပါတယ်။

လွင်လွင်ထွန်း
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)