The main purpose of this blog is to help other bloggers and take their blogs to next level ...!! Here I'll covers the following topics..!!
Saturday, August 31, 2013
ပဲခူးက ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတစ်ကျောင်းအတွက် လှူဒါန်းမှုတွေ ပြုလုပ်မယ့် ချစ်သုဝေ

မိုးယုစံ ရွေးချယ်မယ့် အိမ်ထောင်ဖက်
သရုပ်ဆောင် မိုးယုစံက မိဘတွေ ချမ်းသာခြင်းထက် ကိုယ် ကိုယ်တိုင် ဦးဆောင်နိုင်မည့် ယောက်ျားမျိုးကို အိမ်ထောင်ဖက် အဖြစ် ပိုပြီး သဘောကျကြောင်း ဆိုသည်။
”အရင်တုန်းက ထက်စာရင် အခုချိန်မှာ လွတ်လွတ် လပ်လပ် နဲ့ စိတ်ချမ်းသာမှု အပြည့်အဝ ရှိပါတယ်။ မိုးယုကတော့ မိန်းကလေး တစ်ယောက် အနေနဲ့ အသက် ၂၇ နှစ် နဲ့ ၃ဝ ကြား အိမ်ထောင်ပြုမယ် ဆိုရင် အကောင်းဆုံး လို့ မြင်မိတယ်။ ကိုယ် ကိုယ်တိုင် ဦးဆောင်နိုင် မှလည်း ဘဝရှေ့ရေး အတွက် ကောင်းမှာလေ။ တချို့ ဆို ယောက်ျားလေး ဖြစ်ပြီးတော့ ယောက်ျားစိတ် မရှိတာမျိုးတွေ ရှိတယ်လေ။ တစ်ခုခု ဆိုရင် တာဝန် မယူရဲတာမျိုး။ အဲဒါမျိုးတွေ ရှိတယ်။ အဲဒီလိုမျိုးဆိုရင် သဘော မကျဘူး။ ကိုယ့်ကို ဦးဆောင်နိုင် ရမယ်။ ယောက်ျားလေး စိတ်ဓာတ် အပြည့်အဝ ရှိရမယ်။ ယူထားတဲ့ တာဝန်ကို ကျေကျေပွန်ပွန် လေး လုပ်နိုင်တဲ့ စိတ်မျိုး ရှိရ မယ်၊ စကားပြောတာက အစ ပြတ်ပြတ် သားသား ရှိရမယ်။ ကိုယ်တိုင်ကလည်း တည်တည် ငြိမ်ငြိမ် အေးအေး ဆေးဆေး တည်တည်တံ့တံ့လေး နေတတ်တော့ ကိုယ့်ရဲ့ အိမ်ထောင်ဖက် ကိုလည်း တည်တည်ငြိမ်ငြိမ် ပုံစံလေးမျိုး ဆိုရင် သဘော ကျတယ်”ဟု ၄င်းကပြောသည်။
”မိုးယု ရွှေမန်းပွဲမှာ ကခဲ့တဲ့ ဂျော်နီဝေါကား အကကိုတော့ Jade Dragon က သင်ပေးတယ်။ နိုင်ငံခြား အကလည်း ဖြစ်တဲ့ အတွက် တစ်ခါမှလည်း ကိုယ်က မကဖူးဘူး။ ပရိသတ် ကလည်း ကိုယ့်ကို မမြင်ဖူးဘူး ဆိုတော့ ပိုပြီး ဂရုစိုက် ဖြစ်ပါတယ်။ Jade Dragon ကလည်း သေချာလေး သင်ပေးပါတယ်။ ကိုယ်ကလည်း တစ်ခါမှ မက ဖူးတော့ မလုပ်ဖူးတာလေ။ လုပ်ရတော့ ကျေနပ်မိပါတယ်။ အနုပညာရှင် ဆိုတာက တစ်ခုတည်း မဟုတ်ဘဲနဲ့ အားလုံးကို သိထားရင်တော့ အကောင်းဆုံး ပါပဲ။ မြန်မာ အက ဆိုလည်း မြန်မာ မိန်းကလေး ဖြစ်တဲ့ အတွက် နိုင်ငံခြား သွားတာပဲ ဖြစ်ဖြစ်၊ နိုင်ငံခြားသားတွေ နဲ့ တွေ့တဲ့အခါမှာ မြန်မာအက က ဖော်ပြလို့ အကောင်းဆုံး ပဲဟု မိုးယုစံ က ပြောသည်။

Monday, August 12, 2013
သဂုတ်လ (၁၀) ရက်နေ့က ရန်ကုန်၊ အမျိုးသားကဇာတ်ရုံမှာ ကျင်းပခဲ့တဲ့ ရွှေမန်းတင်မောင်၏ သဘင်သက် နှစ် (၈၀) ပြည့်လွမ်းဆွတ်တမ်းတခြင်းအမှတ်တရ "အလင်္ကာအလွမ်းပြေမှတ်တမ်း" ဖျော်ဖြေပွဲ
သြဂုတ်လ (၁၀) ရက်နေ့က ရန်ကုန်၊ အမျိုးသားကဇာတ်ရုံမှာ ကျင်းပခဲ့တဲ့
ရွှေမန်းတင်မောင်၏ သဘင်သက် နှစ် (၈၀) ပြည့်လွမ်းဆွတ်တမ်းတခြင်းအမှတ်တရ
"အလင်္ကာအလွမ်းပြေမှတ်တမ်း" ဖျော်ဖြေပွဲ
![]() |
Thit Sar Myit Tar Shwe Mann Thabin Variety Concert |
Thit Sar Myit Tar Shwe Mann Thabin Variety Concert
At National Theatre, Yangon
On August 10, 2013
သတင်းလူသား (သို့ မဟုတ်) စိန်ခေါ်မှုတွေ နှင့် ဒါရိုက်တာဝိုင်း
၁၉၉၂ခုနှစ်ကတည်းက အနုပညာလောကထဲကို 'အဉ္ဇလီ' ဇာတ် ကားဖြင့် စတင်ဝင်ရောက်ခဲ့သူ ဇာတ်ပို့နေရာ၊ ဒုတိယမင်းသားနေရာ များကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်ခဲ့ပြီး ဒါရိုက်တာအဖြစ် လည်း အောင်မြင် မှုရရှိနေသူကသရုပ်ဆောင်ဒါရိုက်တာဝိုင်းပဲဖြစ်ပါတယ်။ကျရာဇာတ်ရုပ်ကိုသရုပ်ဆောင်နိုင်သလို ကိုယ်ဖန်တီးချင် တဲ့ အနုပညာကိုလည်း ကိုယ်တိုင် ဖန်တီးရိုက်ကူးနေပါတယ်။ ဒါရိုက်တာဝိုင်းရိုက်ကူးခဲ့တဲ့ ဗီဒီယိုဇာတ်ကား များဟာ လူငယ် ဆန်တဲ့ ရိုမန့်တစ်ဇာတ်ကားများဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ 'အာဒမ်ရယ်၊ဧဝရယ်၊ဒသရယ်' ရုပ်ရှင်ဇာတ်ကားကြီးက အကယ်ဒမီ ဆုပေါင်းများစွာကို ၂ဝ၁ဝပြည့်နှစ်အတွက် ရှိခဲ့ပါတယ်။ သူ့ဘဝအမှတ်တရ၊ အတွေ့အကြုံများကို သတင်းလူသားအဖြစ် တင်ဆက်လိုက်ပါတယ်။
► ဇာတ်ပို့ဘဝ
ဒါရိုက်တာမောင်သီရိုက်ကူး ခဲ့တဲ့ 'ရွှေအိမ်မှာနားစေခဲ့သော' ဇာတ် ကားမှာ အမှတ်တရတွေ ရှိခဲ့တယ်။ အရင်တုန်းက ထက်မြက်ဆိုတဲ့ နာ မည်နဲ့ သရုပ်ဆောင်ခဲ့တယ်။ ဝိုင်းဆို တဲ့ နာမည်က အိမ်နာမည်ပါ။ အဲဒီ ဇာတ်ကားရိုက်ကူးတဲ့ အချိန်မှာ ဝိုင်း ဆိုပြီး နာမည်ပြောင်းခဲ့တယ်။ ဇာတ် ကားထဲက ဇာတ်ကောင်ရဲ့ နာမည် ကလည်း ဝိုင်းပဲဖြစ်တယ်။ အဲဒီ ဇာတ်ကားကအအောင်မြင်ဆုံးကား တွေထဲက တစ်ကားပါ။ ဝိုင်းဆိုတဲ့ နာမည်ရဖို့ တော်တော်လေးကြိုးစားခဲ့ ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒုတိ ယမင်းသားဖြစ်နေလို့လေ။
ဒုတိယ မင်းသားဆိုတဲ့နေရာမှာ ပရိသတ် အားပေးမှုကတော်တော်လေးကို ခက် ခဲတယ်လေ။ ဒီနိုင်ငံမှာ ရေးသားတဲ့ ဇာတ်အိမ်တွေက မင်းသား၊ မင်းသမီး ကို ဦးစားပေးတာများတယ်။ ဥပမာ- Second နေရာကို ဇာတ်အိမ် ကောင်းရင် မင်းသားကြီးတွေ လုပ်တာများတယ်။ ဇာတ်ပို့တွေကို သရုပ်ဆောင်မခိုင်းဘူး။ ကိုယ်တွေကို သိပ်မခိုင်းဘူး။ ဒါကြောင့် ကိုယ်ရ တဲ့ နေရာလေးမှာ အနုပညာဗီဇကို ပေါ် လွင်အောင် ဘယ်လိုလုပ်မလဲဆိုပြီး အနုပညာဝမ်းစာကို ဖြည့်ခဲ့ရတယ်။
► Music (MTV) ဒါရိုက်တာဘဝ
ဇာတ်ပို့ဘဝ၊ဒုတိယမင်းသား ဘဝက ရေရှည်မှာ ဘဝအာမခံချက် လည်း သိပ်မရှိဘူး၊ မျက်နှာလည်း ငယ်ရတယ်၊ ကိုယ့်ရည်မှန်းချက်က အစကတည်းက ဒီလိုမျိုးမဟုတ်ဘူး။ ဒါကြောင့် အသက်၂၅နှစ်ပြည့်တဲ့ အချိန်မှာ ကြိုတင်ပြင်ဆင်ခဲ့တယ်။
ဇာတ်ညွှန်းရေးတာသင်တယ်။ ဒါရိုက် တာလုပ်မယ်ဆိုလည်း သူများနဲ့မတူ ညီတဲ့ ပုံစံမျိုးပဲ လုပ်ချင်ခဲ့တယ်။ ဒါ ကြောင့်အသက်၃ဝပြည့်တဲ့အခါ ဒါရိုက်တာ စလုပ်ခဲ့တယ်။ လုပ်တော့ လည်းအမှတ်တရတွေရှိခဲ့တယ်။ သင် ခဲ့ရတော့ရုပ်ရှင်ဗီဒီယိုဇာတ် ညွှန်း ပညာကို၊စပြီးလုပ်ရတော့Music (MTV) မှာ လုပ်ရတယ်။ ကိုယ်လည်း မသိ နားမလည်တဲ့ဘဝကို သွားလုပ် ခဲ့ရတယ်။ အခက်အခဲတွေ အများကြီးရှိခဲ့ပေမယ့် အောင်မြင်စွာ ကျော် ဖြတ်နိုင်ခဲ့တယ်။ နာမည်တစ်လုံးရ တဲ့အချိန်မှာ အဲဒီMusic (MTV) ဒါရိုက်တာအလုပ်ကို
ထားခဲ့တယ်။ ဒါရိုက်တာလုပ်မယ်လို့ ရည်ရွယ် ကတည်းက ကိုယ်လုပ်တဲ့ အလုပ်ကို အောင်မြင်စွာပဲ လုပ်ချင်ခဲ့တာလေ။ အဲဒီအချိန်တုန်းကလည်း သီချင်းတစ် ပုဒ်ကို ဒါရိုက်တာလုပ်ရင် ဘယ် လောက်မှ ရတာမဟုတ်ဘူး။ ဒါပေမဲ့ ကောင်းစေချင်တဲ့အတွက် တစ်လကို တစ်ပုဒ်လောက်ပဲ ရိုက်ကူးဖြစ် တယ်။ သီချင်းရိုက်ကူးတဲ့ ဒါရိုက်တာ ဘဝ မှာ အောင်မြင်နေချိန် ရုပ်ရှင်၊ဗီ ဒီယိုဒါရိုက်တာအဖြစ် ကမ်းလှမ်းမှု တွေ ရှိခဲ့တယ်။
► ရုပ်ရှင်၊ဗီဒီယို ဒါရိုက်တာဘဝ
ပထမဦးဆုံးအနေနဲ့ စိုင်းစိုင်း ကမ်းလှမ်းမှုကို လက်ခံခဲ့တယ်။ အဲဒီ ရှေ့မှာကမ်းလှမ်းတဲ့ကုမ္ပဏီတွေ အ များကြီးရှိခဲ့တယ်။ဒါပေမဲ့မရိုက်ခဲ့ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ကို ရွေးလုပ်ပြီး ကောင်းမယ်ထင်တဲ့ဟာ ကိုသေချာလေးလုပ်ချင်တာလည်း ပါတယ်။
အလုပ်တိုင်းသာ လိုက်လုပ် နေရင် ဒီအချိန်မှာ ဒီလိုအခြေအနေ ဖြစ်လာ စရာကြောင်းမရှိဘူး။ သရုပ် ဆောင်ဘဝထက် ဒါရိုက်တာဝိုင်း အဖြစ် ပရိသတ်သိတာကလည်း ခံ ယူချက်ရယ်၊ အလုပ်ပေါ်ထားတဲ့ စိတ်နဲ့ ကိုယ့်ရဲ့ပရိသတ်ကိုပေးချင် တဲ့အကြောင်းအရာက တိုက်ရိုက် အချိုးကျပါတယ်။ အဲဒီဟာနဲ့ တန်ဖိုး ညီတဲ့ဘဝတစ်ခုကို ပြန်ရတာပါ။ သရုပ်ဆောင်ဘဝတုန်းက တော် တော်ဆိုးဆိုးရွားရွားပဲ။ စာရိတ္တပိုင်း ဆိုင်ရာလည်း လုံးဝသုညပါပဲ။ ဟီး ရိုးဖြစ်အောင် လုပ်ဖို့ တော်တော် ခက်ပါတယ်။ ပထမဦးဆုံး ရုပ်ရှင် ဇာတ်ကားဒါရိုက်တာအဖြစ် 'ကျောက်စက်ရေ' ဇာတ်ကားကို မြင့် မြတ်၊မေသန်းနု၊စိုးမြတ်သူဇာ၊ ထွန်း အိန္ဒြာဗိုတို့နဲ့ ရိုက်ကူးခဲ့တယ်။ အဲဒီ ဇာတ်ကားရိုက်တုန်းက ရုပ်ရှင်နဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေ တော်တော်လေးရခဲ့တယ်။ ဒီဇာတ် ကားကပေးတဲ့ သင်ခန်းစာတွေနဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ကို အောင် မြင်အောင် ဘယ်လို ရိုက်ကူးရမလဲ ဆိုတာသိခဲ့ရတယ်။ ဒီကားမှာ Editing နဲ့ပတ်သက်ပြီး အကယ်ဒမီ ဆုဆွတ်ခူးပေးခဲ့နိုင်ခဲ့တဲ့အ တွက် ဝမ်း သာတယ်။ ဒုတိယဇာတ်ကားဖြစ်တဲ့ အာဒမ်ရယ်၊ဧဝရယ်၊ ဒသရယ်မှာ အကယ်ဒမီအများကြီး ရခဲ့ပေမယ့် ဒါရိုက်တာဆုလွဲခဲ့တယ်။ အကယ်ဒမီ နဲ့ပတ်သက်ပြီး ပြောနေကျစကားတစ် ခွန်းရှိတယ်။အဲဒါက ဘာလဲဆိုရင် 'အဲဒီ အခန်းဖြတ်' ဇာတ်ကားကို ရိုက်ပြီး မြန်မာနိုင်ငံ ရဲ့မှားယွင်းနေတဲ့ ရုပ်ရှင် ဆင်ဆာစနစ်ကို ကမ္ဘာကို အကောင်း ဆုံးပြနိုင် ခဲ့တယ်။ အဲဒီ့အတွက် အကယ်ဒမီအကြောင်းဆိုရင် မမေး ပါနဲ့လို့ ပြောတယ်။ လက်ရှိစံနှုန်းတွေ၊ အဲဒီအချိန်တုန်းက လူတွေက ခုချိန် ထိ ရှိနေတုန်းပဲ။ အာဒမ်၊ဧဝ၊ဒသ ရုပ်ရှင်ဇာတ်ကားမှာ မင်းသားဆု၊ မင်းသမီးဆုက ဒါရိုက်တာညွှန်ပြမှု မကောင်းဘဲအကယ်ဒမီမရနိုင်ပါ ဘူး။ အဲဒီလိုပဲ ထုတ်လုပ်သူ(ဇာတ် ကားဆု)ဆိုတာကလည်း ဒါရိုက်တာ ရဲ့ ဇာတ်ကား တစ်ကားလုံးတင်ပြပုံ ကောင်းလို့သာရတာပါ။ ဒါပေမဲ့ အဲ ဒီနှစ်မှာ ဒါရိုက် တာကျန်ခဲ့ပါတယ်။ ဒီလိုပဲ နောက်ရိုက်ကူးတဲ့ ရုပ်ရှင် ဇာတ်ကားတွေကို လည်း မျှော်လင့်ချက်သိပ်မထားတော့ပါဘူး။ တစ်နဲ့ တစ်ပေါင်းရင်း နှစ်ရတာ နည်းနည်း ခက်ချင်ခက်နေလိမ့်မယ်။ ဒါပေမဲ့ အကယ်ဒမီပုစ္ဆာကတွက်ရတာ လွယ် ပါတယ်။ အဲဒီအခန်းဖြတ်ဖန်တီးတဲ့ ဒါရိုက်တာကို အကယ်ဒမီမပေးပါ နဲ့ဆို လုံလောက်ပါတယ်။
► ငွေကြေးနဲ့ဂုဏ်သိက္ခာ
ဒီနှစ်ခုက ကွာခြားချက်ရှိပါ တယ်။ ငွေကြေးဆိုတာ ဂုဏ်သိက္ခာ နဲ့ မဆိုင်ပါဘူး။ တကယ်တမ်းဂုဏ် သိက္ခာရှိတဲ့သူက ငွေကြေးမရှိလည်း ရပ်တည်လို့ရပါတယ်။ ဘယ်လိုပြောမ လဲ မြန်မာနိုင်ငံရဲ့ စနစ်ဆိုးအောက် က သင်ကြားပေးလိုက်တဲ့အတွေ့ အကြုံရှိတဲ့သူကို ပိုပြီး ဦးစားပေးကြ တာများတယ်။ ကျွန်တော့်အမြင်က ငွေကြေးရှိတာထက် ဂုဏ်သိက္ခာရှိ တာကို ပိုလိုလားတယ်။ ငွေရှိဖို့ အတွက်ဆိုရင် ဇာတ်ကားတိုင်း ကို ကောင်းကောင်း၊မကောင်းကောင်း ရိုက်ကူးနေမှာပဲလေ။ ဂုဏ်သိက္ခာရှိဖို့ ဆိုရင် ကောင်းတဲ့ဇာတ်ကားတွေပဲ ရိုက်ကူးမှာလေ။
အဲဒီ့အခါကျတော့ ငွေရှာဖို့အတွက် လိပ်ပြာမသန့်တော့ ဘူးလေ။ မကောင်းတဲ့ အလုပ်ကို ဇွတ်မလုပ်ချင်ဘူး။ ငွေကြေးဆိုတာက တော့ ဘုရားပေးသလောက်ပဲရမှာပဲ လေ။ ဂုဏ်သိက္ခာဆိုတာကတော့
ကိုယ့်ရဲ့ရိုးသားမှုကြောင့်ရတဲ့ အ တွက်ပိုတန်ဖိုးထားမက်မောမိတယ်။ လူတစ်ယောက်နဲ့တစ်ယောက်မှာ ဘဝပေးအခြေအနေတွေမတူ ညီတာ တွေရှိမယ်။ခံယူချက်တွေ၊ ယုံကြည် ချက်တွေ မတူညီတာတွေရှိမယ်။ ဘယ်တော့မှလည်းတူညီနိုင်မှာ မဟုတ်ဘူး။
► အကယ်ဒမီဆုအရယူမယ့်သူ
အကယ်ဒမီဆုကို အရည်အချင်း ရှိစွာ ရယူမယ်လို့ ကြွေးကြော်ခဲ့ဖူး တယ်။ ဒါကလည်း ရှင်းပါတယ်။ ပရိသတ်ကို ရယူမယ်လို့ပြောလိုက် ကတည်းက ကြိုးစားတော့မှာပါ။ အဲ ဒီလို ကြိုးစားတဲ့အတွက် ပရိသတ်က လည်း အသိအမှတ်ပြုခဲ့တယ်။ အကယ်ဒမီမပေးတာကို မပြောဘူး နော်။ အခုလက်ရှိမှာ လက်ပံဇာတ် ကားတင်ထားတယ်။ အဲဒီဇာတ်ကား နဲ့ပတ်သက်ပြီး ပရိသတ်အသံတွေ၊ comment တွေ ကြားနေရ တယ်။ လောလောဆယ် ပရိသတ်ကအသိ အမှတ်ပြုနေရင်ကျွန်တော့်စကား
အတိုင်းလုပ်ပြနေတာပါပဲ။
► အောင်မြင်မှုလျှို့ဝှက်ချက်
အနုပညာအလုပ်စလုပ်က တည်းက အခက်အခဲတွေ၊ စိန်ခေါ်မှု တွေေ တ်ာတော်များခဲ့တယ်။ဒါတွေ ကိုကျော်ဖြတ်ဖို့ကစိတ်ဓာတ်ခိုင်မာမှု နဲ့ယုံကြည် မှုပါပဲ။ငါဟာရိုးသား တယ်။ငါ့လုပ်ရပ်ကမှန်တယ်ဆိုရင် ဘယ်သူ့မှ ကြောက် စရာမလိုပါဘူး။ အဲဒီ့ယုံကြည်ချက်နဲ့စိတ်ဓာတ်က အ ရေးကြီးပါတယ်။ ကိုယ့်လိပ်ပြာ ကိုယ် သန့်ပြီး ရိုးသားဖို့လိုပါတယ်။ဒါတွေ ရှိနေရင်ဘယ်လို အခက်အခဲတွေ၊စိန် ခေါ်မှုတွေကိုမဆိုကြောက်ရွံ့နေမှာ မဟုတ်ပါဘူး ။ရိုးသားတဲ့လူက တိုက်ရဲ ခိုက်ရဲတယ်။စိန်ခေါ်ရဲတယ်။အနု ပညာအရည် အသွေးကိုလည်း ပရိ သတ်ကဆုံးဖြတ်မှာပါ။လိုအပ်ချက်ရှိ ရင်လည်း သူတို့ကပဲ ဝေဖန်မှာပါ။

မီးအိမ်ကဗျာ ဗီစီဒီတွင် သရုပ်ဆောင်သစ်များကို ပွဲထုတ်ထားဟု ချစ်သုဝေဆို
တေးသံရှင် ချစ်သုဝေက တေးသံရှင် လင်းလင်းနှင့် ၎င်းသီဆိုထားသည့် မီးအိမ်ကဗျာ စီးရီးအတွက် ဗီစီဒီ ရိုက်ကူးရာတွင် ပရိသတ်များ အမြင်အာရုံ ထူးခြားစေရန်အတွက် မျ...က်နှာသစ် သရုပ်ဆောင်များ ကို ပွဲထုတ်သည့် အနေနှင့် ထည့်သွင်း ရိုက်ကူးထားကြောင်း The Voice သို့ ပြောကြားသည်။
မီးအိမ်ကဗျာ ဗီစီဒီနှင့် ပတ်သက်ပြီး “သီချင်းတွေကို ဗီစီဒီ ရိုက်ဖို့အတွက် ဒါရိုက်တာတွေနဲ့ ထရီဇာတို့ ပေါင်းပြီး ဇာတ်လမ်း ပုံစံလေးတွေ စဉ်းစားကြ တယ်။ သရုပ်ဆောင်တွေ ရွေးတဲ့ နေရာမှာ နာမည်ရပြီးသား သရုပ်ဆောင်တွေအစား သီချင်းနဲ့ လိုက်ဖက်တဲ့ မျက်နှာသစ် သရုပ်ဆောင်လေးတွေကို ထရီဇာ ကိုယ်တိုင် အပင်ပန်းခံ လိုက်ရှာပြီး ကမ်းလှမ်းတယ်။ ဒီခွေထဲမှာ မအူဝဲရဲ့ တူမလေး မေတိုးခိုင်နဲ့ ပိုင်ဖြိုးသုတို့လို သရုပ်ဆောင်လေးတွေအပြင် ကိုပြေတီဦး၊ ကိုကျော်ရဲအောင်၊ အောင်ရဲလင်း၊ သန္တာဗိုတို့လည်း ပါမယ်။ ဒါရိုက်တာတွေက လောလောဆယ် ကိုညိုမင်းလွင်၊ ကိုဝေယံတို့က ရိုက်ပေးထားတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြား သည်။
မီးအိမ်ကဗျာ ဗီစီဒီအတွက် သီချင်းခြောက်ပုဒ် ရိုက်ကူးပြီးသွားပြီ ဖြစ်ကာ၊ ယခုနှစ် မကုန်ခင် ထွက်နိုင် အောင် ကြိုးစားနေကြောင်း၊ ပရိသတ်များ အတွက် ဘက်စုံထောင့်စုံမှ နေ၍ တတ်နိုင်သမျှ အကောင်းဆုံး ဖြစ်အောင် ကြိုးစားထားသည့်အတွက် စေတနာ ရောင်ပြန်ဟပ်မည်ဟု ထင်ကြောင်း ချစ်သုဝေက ဆိုသည်။
မီးအိမ်ကဗျာ စီးရီးကို ချစ်သုဝေနှင့် စုံတွဲ စီးရီးအဖြစ် ထုတ်လုပ်ရခြင်း မှာ မြန်မာနိုင်ငံရှိ စုံတွဲ သီချင်းများတွင် တေးသံရှင် နှစ်ယောက်၊ တစ်ယောက် တစ်ပိုဒ်စီ ဆိုကြသော ပုံစံဖြင့် သွားနေသည်မှာ ခေါက်ရိုးကျိုးနေပြီ ဖြစ်သည့် အတွက် ပရိသတ်များကို စုံတွဲသီချင်း ပုံစံသစ် တစ်ခုကို ချပြလို၍ ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း တေးသံရှင် လင်းလင်းက ပြောကြားသည်။

Saturday, August 3, 2013
ဖြူဖြူကျော်သိန်းရဲ့ဖက်ရှင်လျှို့ ဝှက်ချက်
ပွဲတွေတိုင်းမှာ ဖက်ရှင်တွေ မထပ် အောင် မရိုးအောင်၊ ပရိသတ် တွေ စိတ်ဝင်တစားစောင့်ကြည့် တဲ့ သူတွေထဲမှာ ဖြူဖြူကျော်သိန်း လည်းအပါအဝင်ဖြစ်ပါတယ်။ ပုံစံဆန်း တဲ့ ဖက်ရှင်ဒီဇိုင်းတွေကို အဘက်ဘက် ကနေ ဝိုင်းဝန်းပံ့ပိုးပေးကြသလို ကိုယ်တိုင်ကလည်း ဝါသနာပါတဲ့ အတွက် စိတ်ဝင်တစားလုပ်ဖြစ် ကြောင်းကို ဖြူဖြူကျော်သိန်းက
" များသောအား ဖြင့် ဖြူဖြူရဲ့ဖက်ရှင်တွေကို စဉ်းစားပေးတာက ဖြူဖြူရဲ့ အမေနဲ့မမညိုက စဉ်းစားပေးတယ်။ နောက် ဖြူဖြူရဲ့ ဒီဇိုင်နာ မတင်တင်ခိုင်က ချုပ်ပေးတယ်။
အမြဲတော့ကြိုပြောကြတယ်။ ပြန်တိုင်ပင်ပြီး ကိုယ် ထပ်လုပ်ချင်တာ လေးတွေ အနည်းအကျဉ်းထပ်ပြော တယ်။ကိုယ့်ကိုပံ့ပိုးပေးတဲ့သူ ပိုများလာလေလေ ကိုယ့် ရဲ့
တင်ဆက်မှုတွေက ပရိသတ်အတွက်ပိုပြီး အရည်အသွေးပြည့်ဝလာတယ်လို့ထင်တယ်။
ဒါကလည်း ဘုရားပေးတဲ့ အင်မတန်ကြီးမား တဲ့ ၊ကောင်းချီးပေါင်းများစွာထဲက တစ်ခု လို့
ပြောရမှာပဲ။နောက် ဗမသာေ ရှိုး လျှောက်တုန်းကဆို သူတို့ဘက်လည်း စီစဉ်လာသလို ဖြူဖြူက ထူးထူး ဆန်းဆန်းလေးလုပ်ချင်တယ်ဆို တာသိတတ်တော့ ထိုင်မသိမ်းဆို လည်း အနက်ရောင်ဝတ်ချင်တာကို လုပ် ပေးတယ်" လို့ ပြောပြပါတယ်။
ဖက်ရှင်တစ်ခုဖြစ်ဖို့အတွက် ရှိတာလေးနဲ့ အကောင်း ဆုံးဝတ်ဆင်နိုင်ရမှာဖြစ်သလို ကိုယ့်ရဲ့သိက္ခာတရားနဲ့ လုံခြုံမှု ရှိဖို့လည်းလိုအပ်တယ်လို့ ပြောပြတဲ့ဖြူဖြူကျော်သိန်းက..
" ငယ်ငယ်ထဲက ဖြူဖြူတို့ ညီအစ်မတွေက ဖက်ရှင်ကို သဘောကျကြတယ်။ တက္ကသိုလ်ကျောင်းတက်တုန်းကဆိုရင် ကိုယ်တိုင်ဒီဇိုင်းပေးပြီး ချုပ်ကြတယ်။ အနုပညာရှင်ဖြစ်လာတဲ့
အခါကျတော့လမ်းထွက်တဲ့အခါ သူများထက်ပိုပြီး ဆန်းနေ အောင်ဝတ်ရတယ်။ လန်သွားတာကို ပြောတာမဟုတ်ဘူး။လန်းနေအောင် သပ်သပ်ရပ်ရပ်၊လှလှပပရှိအောင် ဝတ်ရ တယ်။
ပရိသတ်တွေရဲ့အား ပေးမှုကြောင့် ကိုယ့်ဘက်ကထပ် ထပ်ပြီး လုပ်ဖို့အင်အားတွေရလေလေပဲ။ ဖက်ရှင် ကက်တလောက်တွေ၊ FTV တွေကြည့်တယ်။ မျက်စိကတော့ လျင်နေရတာပဲ။ အရေးကြီးတာက တစ်ကမ္ဘာလုံးမှာ တစ် ယောက်တည်းရှိတဲ့ အဝတ်ဝတ်တာမျိုး ဖြစ်ရမယ် ဆိုတာထက် ကိုယ်တန်ဖိုးထားတဲ့ အရာတွေကို ဆက်ပြီး
ထိန်းသိမ်းပေးနိုင်တဲ့ အဝတ်အစားမျိုးဖြစ်ဖို့လည်း လိုတယ်။ ဖြူဖြူက ခေတ်လွန် အောင်၊ ခေတ်ဆန်အောင် ဝတ်နိုင်တယ်။
ဒါပေမဲ့ ဖြူဖြူရဲ့ ဖက်ရှင်ကို ကြည့်နေတဲ့သူဆိုသိမှာပါ။ ဖြူဖြူဝတ်တဲ့ ပုံစံဟာ ဖြူဖြူတို့ရဲ့ ယဉ်ကျေးမှုထဲမှာပဲရှိတယ်ဆိုတာကိုပေါ့။ အဲဒါကို
ဖြူဖြူရဲ့ပရိသတ်တွေသတ်မှတ်သလိုနိုင်ငံခြားက မီဒီယာတွေ သတ်မှတ်တာက မြန်မာလေဒီဂါဂါဆိုပြီး နှိုင်းယှဉ်ပြီး ရေးတယ်။ နိုင်ငံခြားသတင်းထောက်က ရေးတဲ့အခါ မြန်မာပြည်က ဖြူဖြူကျော်သိန်းဆိုတာက သူ့ရဲ့နိုင်ငံက Local Counter Content အတွင်းမှာပဲတော့ ဝတ်စားဆင်ယင်တဲ့သူဖြစ်ပါတယ်" ဆိုပြီး လေဒီဂါဂါနဲ့ မတူတဲ့ အချက်ကို ပြောတယ်။
တခြားမတူ တဲ့ အချက်တွေ ရေးထားတဲ့အထဲ မှာ ဒါကိုလည်း သုံးသပ်ရေးသွားတယ်။ အဲဒါလေးတွေ့ရ တော့ ကျေနပ်ပီတိ ဖြစ်ရတယ်။ ငါ့ရဲ့ ရပ်တည်ရွေးချယ်မှု သေးသေးလေးတွေကတစ်ချိန်ကျတော့လည်း ဒီလို အသိအမှတ်ပြုခံရပါလားလို့ ကျေနပ်ရတယ်။
ဖြူဖြူက ဖက်ရှင်ကို စင်ပေါ်မှာ ဘယ်လိုဖြစ်မှဝတ်ချင်တယ်ဆို တာရှိပြီးသား၊ ရိုးရိုးဆို သက်သောင့်သက်သာ လှလှပပ ကို ဝတ်တယ်။ အခြေအနေပေါ်မူတည်ပြီး ဝတ်တယ်။ အနုပညာမောင်နှမတွေက ဒီဖက်ရှင်ကိုအင်မတန်ရုန်း ကန်ပြီး လုပ်ကြရတယ်။ ကိုယ့်ရဲ့ trend ခုဖြစ်ဖို့အတွက် ရော၊ ပရိသတ်မျက်စိပသာဒဖြစ်ဖို့အတွက် ရော၊ကိုယ်တိုင်
ဝါသနာပါတဲ့ အတွက်ရောပေါ့။ ဖက်ရှင်ကျလှပမှုမှာ ပထမဆုံးအချက်က တစ်ကိုယ် ရည်သန့်ရှင်းမှု၊ ကျန်းမာမှု၊ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိနေဖို့အရေးကြီးတယ်။
ရိုးသားတဲ့သူတစ်ယောက်ရဲ့ပုံစံ၊သပ်ရပ်သန့်ရှင်းတဲ့ ဝတ်စုံဆိုရ ပါပြီ။ တအား brand ဖြစ်မှမဟုတ်ဘူး။ ကိုယ်သွားမယ့် နေရာဒေသနဲ့ လိုက်ဖက်ရမယ်။လုံခြုံရမယ်။ကိုယ်သန့် ရှင်းစွာ ရှာဖွေထားတဲ့ ဝင်ငွေအတွင်းမှာတတ်နိုင်တဲ့ ဖက်ရှင်ကျမှုက ပိုတန်ဖိုးရှိတယ်။ ကိုယ့်ရဲ့သိက္ခာနဲ့ ရိုးသားတည်တံ့မှုထက် ပိုပြီးတောက်ပတာ မရှိဘူး။ စိတ် လှရင်၊ကိုယ်ကျင့်တရားလှရင်လှပြီးသားပါ၊ရှိတာလေးနဲ့ ဖက်ရှင်ကျအောင်နေလို့ရပါတယ်" လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင် - Popular Journal

အခုလိုနေရာ တစ်နေရာ ရအောင်လို့လည်း လွယ်လွယ်ကူကူနဲ့တော့ ရခဲ့တဲ့အရာ မဟုတ်ပါဘူး( ဟဲလေး )
မေး - လတ်တလော အနုပညာလှုပ်ရှားမှု ဘာ တွေလုပ်နေလဲ ပြောပြပေးပါဦး။
ဖြေ - လတ်တလောက ကျွန်တော် 'ဒယ်ဒီဟဲ လေး'အခွေကို MTV ရိုက်နေတယ်။ ကိုးပုဒ် လောက်ပြီးသွားပြီ။ သီတင်းကျွတ် လောက်ထွက် ဖြစ်အောင် ကြိုးစားနေတယ်။
မေး - ပွဲတွေသိပ်ဆိုတာ မတွေ့ရတော့သလိုပဲ။ ဘာတွေလုပ်ဖြစ်နေလဲ။
ဖြေ - ဟုတ်တယ်။ ဒီရန်ကုန်မှာတော့ မဆိုဖြစ် ဘူး။ ပြည်ပခရီးစဉ်တွေကို သွားဆိုတာများတယ်။ ပြည်ပကိုလချီပြီးတော့ သွားဆိုနေရတာ။ တစ်လ လောက်ကြာတယ်။ ဩစတြေးလျရယ်၊ ထိုင်း နိုင်ငံဘက်တွေကို သွားဆိုနေတာပါ။
မေး - တက်သစ်စ အဆိုတော်တွေနဲ့ပတ်သက်ပြီး သူတို့အတွက် အနုပညာလောကမှာ နေရာတစ် နေရာရဖို့ ဘယ်လိုကြိုးစားရင် အဆင်ပြေမလဲ။
ဖြေ - တစ်ယောက်နဲ့တစ်ယောက်က အောင်မြင် မှု ရတာချင်းမတူဘူးလေ။ ကျွန်တော်တို့တုန်း က ဒီလိုလမ်းကြောင်းက လိုက်လို့အောင်မြင်မှု ရချင်ရပေမယ့် သူတို့တွေကျတော့ ကျွန်တော်တို့ လမ်းကြောင်းအတိုင်း လိုက်လို့အဆင်ပြေချင်မှ ပြေမှာလေ။ ဘယ်လို ကြိုးစားရမယ်ဆိုတာ ကိုယ်နဲ့ပဲ သက်ဆိုင်တယ်။ ကိုယ့်ရဲ့ရိုးသားမှု၊ ကိုယ့် ရဲ့ ကြိုးစားမှုနဲ့ပဲ သက်ဆိုင်ပါတယ်။ ကိုယ်လုပ် လိုက်တဲ့ အပြုအမူအပေါ်မှာ အပျက်သဘော တွေက အကောင်းအဆိုး ခွဲခြားသွားပါလိမ့်မယ်။
မေး - အနုပညာလောကမှာ နေရာတစ်နေရာရ အောင် ဘယ်လိုကြိုးစားခဲ့ရလဲ။
ဖြေ - သူ့ဟာနဲ့သူ နေရာတစ်နေရာရအောင် ဖြတ်သန်းခဲ့ရတာပေါ့နော်။ အတိုင်းအတာတစ် ခုအထိတော့ ဖြတ်သန်းရတာပဲ။ ပြောရရင်တော့ အရှည်ကြီးပဲ။ အခုလိုနေရာတစ်နေရာရအောင် လို့လည်း လွယ်လွယ်ကူကူနဲ့တော့ ရခဲ့တဲ့အရာ မဟုတ်ပါဘူး။
မေး - အရင်တုန်းက ဒီယံ၊ အစ္စဏီတို့နဲ့တွဲဆိုခဲ့ တယ်နော်။ နောက်ပိုင်းမှာ တွဲဆိုဖို့ရောအစီအစဉ် မရှိဘူးလား။
ဖြေ - သူတို့တွေနဲ့ အမြဲဆိုဖြစ်ပါတယ်။ ကျွန် တော့်အခွေထဲမှာပဲဖြစ်ဖြစ် သူတို့ကို ကျွန်တော် တတ်နိုင်သလောက် ကူညီပေးခဲ့ပါတယ်။
မေး - ဂီတလမ်းကြောင်း ပေါ်ရောက်ဖို့ ဘယ်လောက် အထိ ကြိုးစားခဲ့ရလဲ။
ဖြေ - အမှန်အတိုင်းပြော ရရင် ကျွန်တော်တို့က အစ ကတည်းက ချမ်းသာတဲ့အ သိုင်းအဝိုင်းက ဆင်းသက် လာတဲ့သူတွေ မဟုတ်ဘူး လေ။ ဂီတတစ်ခုတည်းကိုရူး သွပ်လို့သာ အဲဒီစိတ်တစ်ခုတည်းနဲ့ လုပ်ဖြစ်ခဲ့တာ။ နောက်တစ်ခုက အနု ပညာဝမ်းစာအတွက်ပါ ဖြည့်တင်းရ တာပေါ့နော်။ အနုပညာကို မြတ် နိုးလို့လုပ်ရင်း ဝမ်းရေးအတွက်ပါ လုပ်ခဲ့ရတယ်။ အခက်အခဲကတော့ အများကြီးပဲ ရှိတာပေါ့နော်။ ဒါ ပေမဲ့ ကျွန်တော်တို့ အနုပညာသ မားမှတင် မဟုတ်ပါဘူး။ စီးပွားရေး သမားတွေဆိုလည်း သူ့ဟာနဲ့သူ အ ခက်အခဲဆိုတာရှိတာပဲ။ အောင်မြင် အောင်လုပ်တဲ့နေရာမှာလည်း အဲ ဒီလိုပဲ။ အောင်မြင်အောင် တော့ လူတိုင်း ကြိုးစားနေ ကြတာပဲလေ။ အဓိကက ကိုယ်ကြိုးစားရမယ်။ ဇွဲ၊ ဝီရိယ၊ ကံ၊ ဉာဏ်ကိုအ သုံးပြုရမယ်။ ဒါပေမဲ့ အောင်မြင်မှုကိုတော့ ဘယ် သူမှ ရေရှည်ထိန်းသိမ်း လို့မရဘူး။ လူတိုင်းမွေးဖွားလာကတည်းက သေ ဖို့ချည်းပဲလေ။ အဲဒီလိုပဲ အောင်မြင်မှုဆိုတာ လူ တိုင်းရချင်တော့ရမယ်။ အဲဒီအောင်မြင်မှုကိုပဲ ပိုမိုခိုင်မြဲအောင် ပိုပြီးတော့အားစိုက်ထုတ်ကောင်း မွန်အောင်တော့ လုပ်ရမယ်လို့တော့ ထင်တယ်။
မေး - အစ္စဏီ၊ ဒီယံတို့ကိုရော အစ်ကိုဘယ်လို အကူအညီမျိုးတွေပေးခဲ့လဲ။
ဖြေ - သူတို့ကို အနုပညာလောကမှာ နေရာ တစ်နေရာရအောင်လို့ ကျွန်တော့်သူငယ်ချင်း တွေကို ကိုယ်တတ်နိုင်သလောက် အကူအညီပေး ခဲ့ပါတယ်။ ဆိုတေးတို့ကိုလည်း အဲဒီအတိုင်းပဲ။ အခုလည်း သူတို့က ပရိသတ်လက်ခံထားတဲ့အဆို တော်တွေဖြစ်နေပြီဆိုတော့ ကျွန်တော်ဝမ်းသာ ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း သူတို့မှာလိုအပ် ချက်တွေရှိတဲ့အခါ ဘယ်လိုလေးလုပ်ရမလဲဆိုပြီး တော့ ပြောပြပေးတယ်။ သူတို့ကြိုးစားအားထုတ် မှုရော၊ ကံရောရှိလို့ အခုသူတို့ခိုင်ခိုင်မာမာရပ် တည်နေတယ်။ သူငယ်ချင်းတွေ စည်းစည်းလုံး လုံးနဲ့ အခုလိုအောင်မြင်တော့ ပျော်တယ်။ ကိုယ် ကူညီနိုင်တဲ့ အနုပညာပိုင်းဆိုင်ရာနဲ့ တတ်နိုင်သ လောက် ကူညီခွင့်ရတာကိုလည်း ကျေနပ်တယ်။
မေး - ကိုယ်ဆိုနေကျပုံစံနဲ့မတူတဲ့ သီချင်းအ သစ်တွေ ဖန်တီးဖို့ရောရှိလား။
ဖြေ - ရှိပါတယ်။ တစ်ချိန်ချိန်မှာတော့ ထူး ခြားတဲ့သံစဉ်တွေကို ပရိသတ်ရှေ့ကို ချပြဖို့ကြိုး စားနေတယ်။
မေး - ပရိသတ်အတွက် စကားတစ်ခွန်းလောက် ပြောပေးပါဦး။
ဖြေ - ဟုတ်ကဲ့။ အခုလိုအချိန်မျိုးကို ရောက်အောင်အားပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်။ 'ဒယ်ဒီဟဲလေး' အခွေထွက်ရင်လည်း အားပေးပါဦး လို့ပြောချင်ပါတယ်။

Friday, August 2, 2013
lol
အဘရေ စား စား
ရှက်စရာမလိုဘူး အားနာစရာမလိုဘူး
တခြားတိုင်းပြည်တွေမှာလည်းရှိတယ်
အသုံးမကျတဲ့ အစိုးရအုပ်ချုပ်တဲ့
တိုင်းပြည်တိုင်းမှာ အဲလိုပါ
ရှက်စရာမလိုဘူး အားနာစရာမလိုဘူး
တခြားတိုင်းပြည်တွေမှာလည်းရှိတယ်
အသုံးမကျတဲ့ အစိုးရအုပ်ချုပ်တဲ့
တိုင်းပြည်တိုင်းမှာ အဲလိုပါ
Myanmar’s religious violence threatens South-east Asia
Renewed violence between Buddhists and Muslims in Myanmar appears to be spreading regionally. Since May, at least eight people have died in a series of retaliatory attacks by Muslims from Myanmar against Myanmar Buddhists in Kuala Lumpur, which has a community of Myanmar refugees and illegal workers.
Concerns abound that the violence among Myanmar nationals in Malaysia may radicalise non-Myanmar Muslims, and this could lead to a vicious cycle of reprisals and counter-reprisals.
The spate of anti-Muslim attacks in Myanmar in recent months has agitated Muslims in neighbouring South-east Asian countries.
Since June last year, approximately 200 people, mostly Muslims, have died in the expanding sectarian fighting between Buddhists and Muslims in Myanmar. While the violence was still centred in Rakhine state last year, it has spread throughout the country this year.
Seen as a sign of increasing ultra-nationalist Buddhist violence, these attacks have been associated with the 969 campaign, which promotes the boycott of Muslim businesses and the segregation of Buddhists and Muslims in Myanmar.
SPILLOVER IN MALAYSIA
The renewed violence in Myanmar has provoked Buddhist-Muslim tensions in both Malaysia and Indonesia.
According to the United Nations High Commissioner for Refugees, there are approximately 83,000 refugees in Malaysia from Myanmar, 28,000 of whom are registered as Rohingya — a Muslim ethnic group from Rakhine state. This figure adds to the existing 257,000 Myanmar nationals in Muslim-majority Malaysia who are mostly illegal workers.
In response to the recent retaliatory attacks in Kuala Lumpur, Myanmar officials have asked the Malaysian government to do its utmost to protect Myanmar citizens and take action against those responsible for the attacks. Naypyidaw has also sent a delegation of senior ministers to Kuala Lumpur to observe the situation and lodge protests should their citizens not be adequately protected.
In the meantime, however, the trend of Myanmar Muslims seeking vengeance for the persecution of their brethren in Myanmar shows no sign of abating.
VIOLENCE IN INDONESIA
While Myanmar’s religious tensions have gradually spilled over into Malaysia, the rallying cry has been most vocal in the world’s largest Muslim nation: Indonesia. Jakarta has demonstrated continuous support for Muslim minorities in Myanmar.
In January this year, the Indonesian government pledged US$1 million (S$1.3 million) to aid the Muslims in Myanmar. However, some of the sympathy and assistance has also come from Muslim hardliners in Indonesia.
In July last year, imprisoned radical cleric Abu Bakar Ba’ashir wrote a letter to President Thein Sein threatening violent jihad, or holy war, against Myanmar over the persecution of the Rohingya.
In April this year, Ba’ashir reinforced his statement by calling forth mujahideen for the jihad on Myanmar’s Buddhist population.
In September last year, an Indonesian Muslim man turned himself in to the police and admitted to having planned a suicide bomb attack against local Buddhists in Jakarta.
In May this year, the police foiled an attempt by Indonesian militants to bomb the Myanmar embassy in Jakarta. On the following day, protests were held outside the same embassy, with some 1,000 Indonesian Muslims denouncing the persecution of Muslims in Myanmar and supporting Ba’ashir’s call for jihad. Similar protests were held in Medan and Solo, Central Java.
While some support for the Muslims of Myanmar is genuine, there are concerns that radical Muslims outside Myanmar could exploit the situation to support their narratives of Muslims being persecuted to recruit followers. In turn, this could feed into the narratives of Myanmar’s violent Buddhists, who believe that certain Muslim ethnic groups, including the Rohingya, are supported by foreign radicals.
Unless this situation is firmly addressed by regional governments, South-east Asia could be at grave risk of more Muslims becoming radicalised for the “Myanmar cause”.
THE WAY FORWARD
With Myanmar’s inter-religious skirmishes generating a spillover effect that threatens regional stability, measures must be taken to bring about durable solutions.
Firstly, Naypyidaw must make concerted efforts to arrest and prosecute those accountable for the violence inside Myanmar, especially the complicit local authorities, such as those evident during the outbreaks of violence in Lashio and Meikhtila.
Secondly, the Association of South-east Asian Nations (ASEAN) should put more pressure on Naypyidaw by stressing the risk of a regional spillover from its internal problem of sectarian violence. While intervention by ASEAN member states in Myanmar’s domestic affairs is unlikely, ASEAN could play a constructive role by facilitating dialogues, such as those seen in Mindanao and Aceh. Such pressures upon Myanmar to end the violence could be collectively initiated by ASEAN’s Muslim nations like Indonesia, Malaysia and Brunei. Indonesia, in particular, could lead by example as Jakarta has successfully defused its own conflicts between Christians and Muslims in Ambon and Poso a decade ago.
ASEAN should refrain from taking short-term solutions. Rather, it should develop coherent plans that would yield long-lasting peace in Myanmar. While such measures do not guarantee success, they may well encourage Myanmar to do more to address its home-grown violence which is threatening regional security.
ABOUT THE AUTHOR:
Eliane Coates is a Research Analyst at the Centre of Excellence for National Security at the S Rajaratnam School of International Studies, Nanyang Technological University.
Subscribe to:
Posts (Atom)