The main purpose of this blog is to help other bloggers and take their blogs to next level ...!! Here I'll covers the following topics..!!
Thursday, August 1, 2013
အနုပညာအလုပ်ကို တကယ် ဝါသနာပါပြီး လုပ်ချင်တဲ့စိတ် အပြည့်အဝရှိလို့ လုပ်ခဲ့တာပါဆိုတဲ့ မိုးဟေကို
ဒီတစ်ပတ် မှာတော့ မော်ဒယ်လောကကနေ သရုပ်ဆောင် အနု ပညာလောကထဲကို ဝင်ရောက်လာခဲ့ သူဖြစ်သလို အောင်မြင်မှုတွေနဲ့ ပရိသတ် အားပေးမှုတွေ အခိုင်အမာ ရရှိထားသူဖြစ်တဲ့ မိုးဟေကိုရဲ့ အနု ပညာနဲ့ ရှင်သန်နေတဲ့ ဘဝတစ်ခု အကြောင်းကို Life Style ကဏ္ဍ အဖြစ် ဖော်ပြလိုက်ပါတယ်။
"အိမ်မက်အလွန် ဇာတ်ကားနဲ့ အနုပညာလောကကို ခြေချဖြစ်လာခဲ့တယ်"
မိုးက အနုပညာလောကကို မော်ဒယ်ပြိုင်ပွဲကနေတစ်ဆင့်ဝင်ရောက်လာခဲ့ပြီး ကြိုးစားခဲ့ရတယ်။ မော် ဒယ်လုပ်နေရင်းနဲ့ မိုးခဏနား လိုက်သေးတယ်။ နားပြီးမှ အနုပညာလောကထဲ ပြန်ရောက်ရှိလာခဲ့တယ်။ မိုးက အနုပညာ မျိုးရိုးလည်းမရှိခဲ့ဘူး။ မော်ဒယ်မှာ နားလိုက်ပြီးတော့ သရုပ်ဆောင် အလုပ် လုပ်ချင်တဲ့ အချိန်မှာ ဇာတ်ကားစပြီး ရိုက်ခွင့်ရတယ်။ ပထမဆုံး ရိုက်ကူး ခွင့်ရတဲ့ ဇာတ်ကားက ဒါရိုက်တာ မင်းထင်ကိုကိုကြီးရိုက်ကူးတဲ့ "အိပ်မက် အလွန်" ဇာတ်ကားပါ။ ကိုလူမင်း၊ မအူဝဲတို့နဲ့ အတူတူစပြီး ကံကောင်းစွာနဲ့ ပါဝင် သရုပ်ဆောင်ခွင့်ရခဲ့တယ်။ အဲဒီကနေ အနုပညာလောကထဲ ကို ခြေလှမ်းတွေ တစ်ဆင့်ပြီးတစ်ဆင့် လှမ်းခွင့်ရခဲ့တယ်။ မိုး အနု ပညာလောက ထဲကို ဝင်လာတဲ့ အချိန်မှာ တအားကြီးခက်ခက်ခဲခဲနဲ့ ရင်မဆိုင်ခဲ့ရဘူး။တအားကြီးမခက်ခဲပေမယ့် တအား လွယ်ကူတယ် လို့လည်း ပြောလို့မရဘူး။ မိုးဇာတ်ကား စရိုက်ခွင့်ရဖို့ကလည်း အဆက်အသွယ် က သိပ်မခက်ခဲဘူး။ ကိုယ့်အတွက်ကို ဖြစ်လာသလိုပဲ ခံစားရတယ်။
"အနုပညာအပေါ်မှာ ယုံကြည်မှုရှိစွာနဲ့ လုပ်ခဲ့တာပါ"
မိုးတို့တုန်းကဆိုရင် မော်ဒယ်ကနေတစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းခဲ့ ရတယ်။ မိုးတို့ မတိုင်ခင် ကိုယ့်ရှေ့က လူတွေလည်း ပိုပြီးခက်ခဲပါ လိမ့်မယ်။အခုနောက်ပိုင်းမှာကျတော့ ခေတ်က တိုးတက်လာတာ လည်း ဖြစ်တယ်။အဲဒီအတွက်ကြောင့် အနုပညာလောကထဲကို ဝင်ရင် အရင်ကလောက်တော့ မခက်ခဲတော့ဘူး။ နောက်ပိုင်း ၊ နောက်ပိုင်းတွေ ကျ တော့ ပိုလွယ်ကူသွားတယ်။ အခွင့်အလမ်းတွေ များလာတာ နဲ့အမျှ ရွေး ချယ်စရာတွေလည်းရှိလာ တယ်။ သမုဒ္ဒရာရေက တစ်ယောက် တည်းသောက် လို့မကုန်ဘူးလေ။ဘယ်သူပဲ သောက် သောက် ကုန်ခန်းမှာ မဟုတ်ဘူး။ သူ့နေရာနဲ့သူ၊ သူ့ကဏ္ဍနဲ့သူ ရပ်တည်နေကြတာပဲ။ မိုးတို့က ဒီအနုပညာအလုပ်ကို တကယ်ဝါသနာပါလို့၊ တကယ့်ကို အနုပညာ အပေါ်မှာ ယုံကြည်မှုရှိစွာနဲ့ လုပ်ခဲ့တာပါ။ အချိန်တွေ အလကားကုန်သွားမှာ စိုးတယ်။ ရှိနေတဲ့အချိန်၊ ကိုယ်သတ်မှတ်ထားတဲ့ အချိန်မှာ လေးလေးနက်နက် ထားပြီးလုပ်တယ်။ ဖြစ်အောင်လည်း လုပ်မယ်ဆိုတဲ့ ခံယူချက်နဲ့လည်း လုပ်ဖြစ်ခဲ့တယ်။ပေါ်ပင်ဖြစ်ပြီးတော့ လူသိရုံဆိုတဲ့ အတွေးမျိုးနဲ့ ဘယ်တော့မှ မလုပ်ခဲ့ဘူး။တကယ်ဝါသနာပါပြီး လုပ်ချင်တဲ့စိတ် အပြည့်အဝရှိလို့ လုပ်ခဲ့တာပါ။
"ဇာတ်ကားရိုက်ကူးတော့မယ်ဆိုရင် ဇာတ်ကို သေချာဖတ်ပြီးတော့မှ ရိုက်တာပါ"
မိုးကို ဇာတ်ကား တစ်ကား ရိုက်ဖို့လာကမ်းလှမ်းခဲ့ရင် အကောင်း ဆုံးဖြစ်အောင် ရိုက်ကူး တယ်။ကိုယ့်ဆီလာအပ်တဲ့ ဇာတ်တွေအကုန်လုံး ကိုလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားတယ်။ မိုးက ဘယ်ဇာတ်ရုပ်နဲ့ လိုက်မယ် ဆိုတာထက် ဇာတ်ရုပ်တိုင်းကို ပီပြင်အောင် ကြိုးစားတယ်။ မိုး ဇာတ်ကား ရိုက်ကူးရင်း တစ်ခါတလေ ပရိသတ် အကြိုက်ကို လိုက်ပြီး ရိုက်ကူး တာရှိသလို တစ်ခါ တလေ မိုးအကြိုက်လည်း ရိုက်ကူးတာ ရှိတယ်။ ဇာတ်ကား ရိုက်ကူးတော့မယ့်ဆိုရင် အစက တည်းက ဇာတ်ကိုသေချာ ဖတ်ပြီးတော့မှ ရိုက်တယ်။ ဆင်ဆာလွတ်လပ်ခွင့်တွေ ရလာ တဲ့ နောက် ပိုင်းမှာလည်း ဇာတ်ကိုသေချာဖတ်ပြီးမှ ရိုက်တာပါ။ ဆင်ဆာကင်းလွတ် တာပဲ ဖြစ်ဖြစ်၊ မကင်းလွတ်တာပဲဖြစ်ဖြစ် လှုပ်ရှားမှုက ဒီလောက်ပါပဲ။ ကင်းလွတ်ပြီ ဆိုပြီးတော့ ကင်းလွတ်တဲ့ပုံစံ ရိုက်တာမျိုးလည်း မရှိပါဘူး။ ဒီဘောင်ထဲမှာပဲ ရိုက်ကူးနေတာပါ။
"ပရိသတ်ကြီးအားလုံးကို အချိန်တိုင်း တန်ဖိုးထားတယ်"
မိုးကိုအားပေးကြတဲ့ ပရိသတ် ကြီးကိုလည်း တအားကျေးဇူးတင်ပါတယ်။ အခုအချိန်ထိ မိုးရဲ့အနုပညာ လှုပ်ရှားမှုတွေကို လက်ခံပေးတဲ့ အတွက် လည်း ပရိသတ်ကြီး အားလုံးကို မိုးတအားချစ် ပါတယ်။ ပရိသတ်ကြီး အားလုံးကို မိုးအချိန်တိုင်း တန်ဖိုးထားပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment