တေးသံရှင် ချစ်သုဝေက တေးသံရှင် လင်းလင်းနှင့် ၎င်းသီဆိုထားသည့် မီးအိမ်ကဗျာ စီးရီးအတွက် ဗီစီဒီ ရိုက်ကူးရာတွင် ပရိသတ်များ အမြင်အာရုံ ထူးခြားစေရန်အတွက် မျ...က်နှာသစ် သရုပ်ဆောင်များ ကို ပွဲထုတ်သည့် အနေနှင့် ထည့်သွင်း ရိုက်ကူးထားကြောင်း The Voice သို့ ပြောကြားသည်။
မီးအိမ်ကဗျာ ဗီစီဒီနှင့် ပတ်သက်ပြီး “သီချင်းတွေကို ဗီစီဒီ ရိုက်ဖို့အတွက် ဒါရိုက်တာတွေနဲ့ ထရီဇာတို့ ပေါင်းပြီး ဇာတ်လမ်း ပုံစံလေးတွေ စဉ်းစားကြ တယ်။ သရုပ်ဆောင်တွေ ရွေးတဲ့ နေရာမှာ နာမည်ရပြီးသား သရုပ်ဆောင်တွေအစား သီချင်းနဲ့ လိုက်ဖက်တဲ့ မျက်နှာသစ် သရုပ်ဆောင်လေးတွေကို ထရီဇာ ကိုယ်တိုင် အပင်ပန်းခံ လိုက်ရှာပြီး ကမ်းလှမ်းတယ်။ ဒီခွေထဲမှာ မအူဝဲရဲ့ တူမလေး မေတိုးခိုင်နဲ့ ပိုင်ဖြိုးသုတို့လို သရုပ်ဆောင်လေးတွေအပြင် ကိုပြေတီဦး၊ ကိုကျော်ရဲအောင်၊ အောင်ရဲလင်း၊ သန္တာဗိုတို့လည်း ပါမယ်။ ဒါရိုက်တာတွေက လောလောဆယ် ကိုညိုမင်းလွင်၊ ကိုဝေယံတို့က ရိုက်ပေးထားတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြား သည်။
မီးအိမ်ကဗျာ ဗီစီဒီအတွက် သီချင်းခြောက်ပုဒ် ရိုက်ကူးပြီးသွားပြီ ဖြစ်ကာ၊ ယခုနှစ် မကုန်ခင် ထွက်နိုင် အောင် ကြိုးစားနေကြောင်း၊ ပရိသတ်များ အတွက် ဘက်စုံထောင့်စုံမှ နေ၍ တတ်နိုင်သမျှ အကောင်းဆုံး ဖြစ်အောင် ကြိုးစားထားသည့်အတွက် စေတနာ ရောင်ပြန်ဟပ်မည်ဟု ထင်ကြောင်း ချစ်သုဝေက ဆိုသည်။
မီးအိမ်ကဗျာ စီးရီးကို ချစ်သုဝေနှင့် စုံတွဲ စီးရီးအဖြစ် ထုတ်လုပ်ရခြင်း မှာ မြန်မာနိုင်ငံရှိ စုံတွဲ သီချင်းများတွင် တေးသံရှင် နှစ်ယောက်၊ တစ်ယောက် တစ်ပိုဒ်စီ ဆိုကြသော ပုံစံဖြင့် သွားနေသည်မှာ ခေါက်ရိုးကျိုးနေပြီ ဖြစ်သည့် အတွက် ပရိသတ်များကို စုံတွဲသီချင်း ပုံစံသစ် တစ်ခုကို ချပြလို၍ ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း တေးသံရှင် လင်းလင်းက ပြောကြားသည်။
No comments:
Post a Comment